မည်သူမဆို လင်ရှိမယားလည်းဖြစ်၍ လင်ရှိမယားဖြစ်ကြောင်း မိမိသိသည်လည်းဖြစ်သော သို့မဟုတ် ထိုသို့ဖြစ်ကြောင်း မိမိယုံကြည်ရန် အကြောင်းရှိသည်လည်းဖြစ်သော မိန်းမကို လင်ဖြစ်သူ သဘောမတူဘဲသော်လည်းကောင်း၊ အလိုတူရာရောက်ခြင်း မရှိဘဲသော်လည်း ကောင်း ကာမစပ်ယှက် ခြင်းပြုရာ၌ မုဒိမ်းမှုမမြောက်လျှင် မယားခိုးမှုကိုကျူးလွန်ခြင်းဖြစ်၍ ထိုသူကို ငါးနှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထိုအမှုမျိုးတွင် မယားဖြစ်သူကို အားပေးကူညီသူအဖြစ်ဖြင့် ပြစ်ဒဏ် မထိုက်စေရ။