မည်သူမဆို အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှအများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ခြောက်သိန်းမှ အများဆုံး ကျပ် ၁၂ သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်-
(က) မိမိအုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်တောင်းရမ်းနေသည်ကို တားမြစ်ရန် ပျက်ကွက်ခြင်း၊
(ခ) ကလေးသူငယ်အား တောင်းရမ်းစေခြင်း၊
(ဂ) မိမိတောင်းရမ်းရာတွင် ကလေးသူငယ်ကို အသုံးပြုခြင်း။