ပုဒ်မ ၂၈၀
ပုဒ်မ ၂၈၀
ရေယာဉ်ကို အရမ်းဦးစီးသွားလာစေခြင်း

မည်သူမဆို လူ့အသက်ကို အန္တရာယ်ဖြစ်စေအောင်သော်လည်းကောင်း၊ သူတစ်ပါးအား နာကျင်စေ တန်လောက်အောင် သို့မဟုတ် နစ်နာစေတန်လောက်အောင်သော်လည်းကောင်း အရမ်းဖြစ်စေ၊ ပေါ့လျော့စွာဖြစ်စေ ရေယာဉ်ကို ဦးစီးသွားလာစေလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် သမ္မာန်စာကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ.
  5. မည်သည့်  တရားသူကြီးမဆို စစ်ဆေးနိုင်သည်