ပုဒ်မ ၂(ယ)
ပုဒ်မ ၂(ယ)
မျိုးစိတ်နမူနာ

မျိုးစိတ်နမူနာ ဆိုသည်မှာ-

(၁) အရှင်ဖြစ်စေ၊ အသေဖြစ်စေ တိရစ္ဆာန် သို့မဟုတ် အပင်များ၊

(၂) ကွန်ဗင်းရှင်းပြဋ္ဌာန်းချက်အရ ကင်းလွတ်မှုရရှိထားသည့် အစိတ်အပိုင်းများ သို့မဟုတ် ဆင့်ပွားပစ္စည်းများမှတစ်ပါး နောက်ဆက်တွဲစာရင်းဝင် မျိုးစိတ်များတွင်ပါရှိသည့် မျိုးစိတ်များ၊ အပင်များ သို့မဟုတ် တိရစ္ဆာန်မျိုးစိတ်များ၏အစိတ်အပိုင်းများ၊

(၃) နောက်ဆက်တွဲ စာရင်းဝင်မျိုးစိတ်များတွင် ပါရှိသည့် မျိုးစိတ်များ၊ ကွန်ဗင်းရှင်းပြဋ္ဌာန်း ချက်အရ ဆင့်ပွားပစ္စည်းများဖြစ်နိုင်သည့် မည့်သည်အခြေအနေမျိုးမှဖြစ်စေ၊ တွဲဖက်ပါရှိလာ သည့် စာရွက်စာတမ်း၊ အမှတ်တံဆိပ်၊ အမှတ်အသား သို့မဟုတ် ထုပ်ပိုးမှုမှဖြစ်စေ အစိတ်အပိုင်း များ သို့မဟုတ် ဆင့်ပွားပစ္စည်းများကို ဆိုသည်။

ရှင်းလင်းချက်။ နောက်ဆက်တွဲစာရင်းဝင်မျိုးစိတ်များဆိုသည်မှာ ကွန်ဗင်းရှင်းမှ ထုတ်ပြန်သတ်မှတ်သော နောက်ဆက်တွဲစာရင်း သုံးခုတွင်ပါရှိသည့် မျိုးစိတ်များကို ဆိုသည်။