ပုဒ်မ ၂၉
ပုဒ်မ ၂၉
တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် တည်ထောင်လုပ်ကိုင်ခွင့်

ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် -

(က) တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ် လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် လိုအပ်ချက်များနှင့် ညီညွတ်မှု ရှိ မရှိ စိစစ်ပြီး လိုင်စင် သက်တမ်းနှင့် စည်းကမ်းချက်များသတ်မှတ်၍ လိုင်စင်ထုတ်ပေးရမည်။

(ခ) လုပ်ငန်းလိုင်စင်ရရှိသူက လိုက်နာရမည့် စည်းကမ်းချက်များကို ဖောက်ဖျက်လျှင် လုပ်ငန်း လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း သို့မဟုတ် လိုင်စင်ပယ်ဖျက်ခြင်း ပြုနိုင် သည်။