ပုဒ်မ ၄၃၄
ပုဒ်မ ၄၃၄
ပြည်သူ့အာဏာပိုင်က စိုက်ထူထားသော မြေမှတ်တိုင်ကို ဖျက်ဆီးခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်း စသည်တို့ကို ပြုလုပ်ခြင်းဖြင့် အကျိုးဖျက်ဆီးမှု

မည်သူမဆို ပြည်သူ့ဝန်ထမ်း၏ အခွင့်အာဏာအရ မြေပေါ်၌ သတ်မှတ်စိုက်ထူထားသော မှတ်တိုင်ကို ဖျက်ဆီးခြင်းဖြင့် သို့မဟုတ် ရွှေ့စေခြင်းဖြင့်ဖြစ်စေ၊ ထိုမှတ်တိုင်၏အသုံးဝင်မှုကို လျော့ပါး စေသော ပြုလုပ်မှုကို ပြုခြင်းဖြင့်ဖြစ်စေ အကျိုးဖျက်ဆီးမှုကိုကျုးလွန်လျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။        
  4. ကျေအေးခွင့် မရှိ
  5.  မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်