ပုဒ်မ ၁၁၆
ပုဒ်မ ၁၁၆
အထွေထွေ

ကလေးသူငယ်ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၉/ ၉၃) အရ-
 

(က) လူမှုဝန်ထမ်း ဦးစီးဌာနက တည်ထောင်ထားသော သင်တန်းကျောင်းနှင့် ယာယီစောင့်ရှောက်ရေး ဂေဟာတို့သည် ဤဥပဒေအရ တည်ထောင်သော သင်တန်းကျောင်း၊ ပရဟိတဂေဟာနှင့် ယာယီစောင့်ရှောက်ရေးဂေဟာများ ဖြစ်သည်ဟု မှတ်ယူရမည်။

(ခ) စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းက လူမှုဝန်ထမ်းဦးစီးဌာနတွင် မှတ်ပုံတင်၍ တည်ထောင်ထားသည့် ပရဟိတဂေဟာများသည် မှတ်ပုံတင်သက်တမ်းတည်ရှိနေသည့် ကာလအတွင်း ဤဥပဒေအရ တည်ထောင်ခွင့်ပြုမိန့်ဖြင့်တည်ထောင်သည့် ပရဟိတဂေဟာများ ဖြစ်သည်ဟု မှတ်ယူရမည်။ ထိုမှတ်ပုံတင် သက်တမ်းကုန်ဆုံးသည့်အခါ ဤဥပဒေနှင့်အညီ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားရယူရမည်။