အမျိုးသားကော်မတီသည် ပုဒ်မ ၆၈ ပါကလေးသူငယ်များက ယင်းတို့၏ ကျင့်ဝတ်စည်းကမ်းများ လိုက်နာကျင့်သုံးရေးအတွက်လည်းကောင်း၊ ပုဒ်မ ၆၉ ပါ မိဘ၊ အုပ်ထိန်းသူနှင့် ဆရာ၊ ဆရာမများက ရှောင်ကြဉ်ရမည့်အချက်များကို ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်လည်းကောင်း ကျောင်းသားများ၏ မိဘများ၊ ရပ်မိရပ်ဖများနှင့် ဆရာ၊ ဆရာမများအား အသိပညာပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်။