အကျိုးစီးပွားများ ထုတ်ဖော်အသိပေးခြင်း
(က) ဒါရိုက်တာနှင့် အရာရှိတိုင်းသည် ၎င်းဖြစ်စေ၊ ၎င်း၏ဆွေမျိုးများဖြစ်စေ တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပိုင်ဆိုင်သည့် အရေးကြီးသော ငွေရေးကြေးရေးနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ အကျိုးစီးပွား အပြည့်အစုံကို ဒါရိုက်တာအဖွဲ့သို့ ထုတ်ဖော်တင်ပြရမည်။
(ခ) ပုဒ်မခွဲ (က) ပါ ထုတ်ဖော်တင်ပြခြင်းကို ဘဏ်၏ ဒါရိုက်တာ ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် မန်နေဂျာအဖြစ် ခန့်အပ်တာဝန်ပေးသည်နှင့် ပထမဦးစွာပြုလုပ်ရမည်ဖြစ်ပြီး နှစ်စဉ်ထုတ်ဖော် တင်ပြ ခြင်းကိုလည်း ပြုလုပ်ရမည်။
(ဂ) ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ယင်းကဲ့သို့ အကျိုးစီးပွားတစ်ရပ် ထပ်မံတိုးပွားရရှိသည့် အခါ တွင်လည်း ဒါရိုက်တာ အဖွဲ့အစည်းအဝေးတွင် ထိုအကျိုးစီးပွားကို ထုတ်ဖော်တင်ပြရမည်။ သို့ရာတွင် ထိုကိစ္စနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချရန် အကြေအလည်ဆွေးနွေးခြင်း သို့မဟုတ် မဲပေးခြင်းပြုရာ၌ တက်ရောက်ခြင်းမပြုရ။