ပုဒ်မ ၄(ယ)
ပုဒ်မ ၄(ယ)
ဆိုက်ဘာတိုက်ခိုက်ခြင်း

ဆိုက်ဘာတိုက်ခိုက်ခြင်း ဆိုသည်မှာ ဆိုက်ဘာနယ်ပယ်အတွင်း ဆိုက်ဘာအရင်းအမြစ် သို့မဟုတ် အလားတူနည်းပညာနှင့် ဆက်စပ်ပစ္စည်းတစ်မျိုးမျိုးကို အသုံးပြု၍ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားလုံခြုံရေး၊ အများပြည်သူ၏ လုံခြုံရေးနှင့် အသက်အိုးအိမ် စည်းစိမ်တို့အား ထိခိုက်ပျက်စီးစေခြင်း သို့မဟုတ် သတင်းအချက်အလက်ဆက်သွယ်မှုကို တစ်နည်းနည်း ဖြင့် နှောင့်ယှက်ခြင်း၊ မှားယွင်းစေခြင်း၊ ရပ်ဆိုင်းစေခြင်း သို့မဟုတ် ပျက်စီးစေခြင်းဖြစ်စေရန် ပြုလုပ်မှု တစ်ခုခုကို ဆိုသည်။