ပုဒ်မ ၆၉
ပုဒ်မ ၆၉
ပြစ်မှု နှင့် ပြစ်ဒဏ်များ

မည်သူမဆို မရိုးမဖြောင့်သောသဘောဖြင့် ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ အခြားသူ၏ အွန်လိုင်းငွေကြေးတစ်ရပ်ရပ်ကို ခိုးယူခြင်း သို့မဟုတ် အကျိုးဖျက်ဆီးခြင်းကို ကျူးလွန်ကြောင်း သို့မဟုတ် အခြားသူတစ်ဦးဦးကို ပြုလုပ်ရန် ခိုင်းစေကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး နှစ်နှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။