ပုဒ်မ ၄၈၃
အခြားသူသုံးစွဲသော ကုန်အမှတ်တံဆိပ်ကိုသော်လည်းကောင်း၊ ပစ္စည်းအမှတ်တံဆိပ်ကိုသော်လည်းကောင်း အတုပြုခြင်း
မည်သူမဆို အခြားသူတစ်ဦးဦး သုံးစွဲသော ကုန်အမှတ်တံဆိပ်ကိုသော်လည်းကောင်း၊ ပစ္စည်းအမှတ် တံဆိပ်ကိုသော်လည်းကောင်း အတုပြုလျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- .မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law