ပုဒ်မ ၅၈
ပုဒ်မ ၅၈
ကလေးသူငယ်အပေါ် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ခြင်း

(က) မည်သူမဆို ပုဒ်မ ၅၇ ပါ ကလေးသူငယ် တစ်ဦးဦးအား ကာကွယ်စောင့်ရှောက်မှုပြု သင့်သည်ဟု ထင်မြင်ယူဆလျှင် သက်ဆိုင်ရာ လူမှုဝန်ထမ်းအရာရှိထံ အကျိုးအကြောင်း ဖော်ပြ၍ အကြောင်းကြားနိုင်သည်။

(ခ) လူမှုဝန်ထမ်းအရာရှိသည် ပုဒ်မခွဲ (က) အရ အကြောင်းကြားချက်ကို လက်ခံရရှိလျှင်ဖြစ်စေ၊ မိမိကိုယ်တိုင် တစ်နည်းနည်းဖြင့် သတင်းရရှိလျှင်ဖြစ်စေ ကလေးသူငယ်အား ကာကွယ်စောင့်ရှောက် မှုပြုရန် လိုအပ်ခြင်း ရှိ မရှိ သတ်မှတ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်များကို မိမိ၏ သဘောထားမှတ်ချက်နှင့်အတူ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြရမည်။ ထို့အပြင် ကလေးသူငယ်အား မိဘအုပ်ထိန်းသူထံဖြစ်စေ၊ သင်တန်းကျောင်း၊ ပရဟိတဂေဟာ သို့မဟုတ် ယာယီ စောင့်ရှောက်ရေးဂေဟာသို့ဖြစ်စေ အပ်နှံထားရန် ညွှန်ကြားနိုင်သည်။

(ဂ) လူမှုဝန်ထမ်းအရာရှိသည် မိမိ၏ စုံစမ်းစစ်ဆေးမှုပြုနေစဉ်အတွင်း ကလေးသူငယ်အပေါ် တစ်ဦး တစ်ယောက်သောသူက ပြစ်မှုကျူးလွန်ခဲ့ကြောင်း တွေ့ရှိရလျှင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားရမည်။