ပုဒ်မ ၃၇၅
ပုဒ်မ ၃၇၅
မုဒိမ်းမှု

ဤမှနောက်တွင် ကင်းလွတ်ချက်ပြုထားသည်မှတစ်ပါး အောက်ဖော်ပြပါအကြောင်း ငါးရပ်တွင် သက်ဝင်သောအကြောင်းတစ်ရပ်ရပ်ဖြင့် ယောက်ျားသည် မိန်းမနှင့် ကာမစပ်ယှက်လျှင် ထိုသူသည် “မုဒိမ်းမှု” ကို ကျူးလွန်သည်မည်၏။

ပထမ။မိန်းမက အလိုမတူငြင်းဆန်ခြင်း။
ဒုတိယ။မိန်းမက ခွင့်မပြုခြင်း။
တတိယ။မိန်းမက ခွင့်ပြုသော်လည်း ထိုသို့ခွင့်ပြုရခြင်းမှာ ထိုမိန်းမအား သေစေမည်ဟု သော်လည်းကောင်း၊ နာကျင်စေမည်ဟုသော်လည်းကောင်း ကြောက်ရွံ့အောင် ပြုသဖြင့် ခွင့်ပြုရခြင်း။
စတုတ္ထ။မိန်းမက ခွင့်ပြုသော်လည်း ယောက်ျားက မိမိသည် ထိုမိန်းမ၏လင်မဟုတ်ကြောင်း သိသည့်ပြင်၊ ထိုမိန်းမက ခွင့်ပြုခြင်းမှာလည်း မိမိကိုဥပဒေနှင့်အညီ လက်ထပ်ထား သော သို့မဟုတ် ထိုသို့လက်ထပ်ထားသည်ဟု ယုံကြည်သော အခြားယောက်ျားဖြစ် သည်ဟု ယုံကြည်၍သာ ခွင့်ပြုကြောင်းကို ထိုယောက်ျားက သိခြင်း။
ပဉ္စမ။မိန်းမကခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းမသည် အသက်ဆယ့်ခြောက် နှစ်အောက်အရွယ်ရှိသူဖြစ်ခြင်း။
ရှင်းလင်းချက်။ယောက်ျား၏ အင်္ဂါဇာတ်သည် မိန်းမ၏ အင်္ဂါဇာတ်တွင် သွင်းဝင်မိလျှင် မုဒိမ်းမှု ကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမစပ်ယှက်မှုမြောက်ရန် လုံလောက်သည်။
ကင်းလွတ်ချက်။ယောက်ျားသည် အသက်ဆယ့်ငါးနှစ်အောက် မဟုတ်သော မိမိ၏ မယားနှင့် ကာမစပ်ယှက်ခြင်းမှာ မုဒိမ်းမှုမဟုတ်။