ပုဒ်မ ၈
ပုဒ်မ ၈
ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များ

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ သို့မဟုတ် နေပြည်တော်ကောင်စီသည် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းအဆင့်ဆင့်မှ ကိုယ်စားလှယ်များနှင့် အခြားသင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၊ ပြည်ထောင်စုနယ်မြေ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ၊ ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် မြို့နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီများကို လိုအပ်သလို ဖွဲ့စည်းရမည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် နေပြည်တော်ကောင်စီတို့သည်-

(၁) ပုဒ်မခွဲ(က)အရ မိမိတို့ဖွဲ့စည်းထားသော ဒေသဆိုင်ရာကော်မတီအသီးသီးကို လိုအပ်ပါက ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

(၂) ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ အမျိုးသားကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသဆိုင်ရာကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ပေး ရမည်။

(၃) ဒေသဆိုင်ရာကော်မတီများ၏ လုပ်ငန်းတာဝန်များကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ ကူညီပံ့ပိုးခြင်း ပြုနိုင်သည်။