“ဒေသဆိုင်ရာအဖွဲ့အစည်း”ဆိုသောစကားရပ်သည် မြူနီစီပါယ်ကော်မီတီကိုဖြစ်စေ၊ မြို့ကော်မီတီကို ဖြစ်စေ၊ သို့မဟုတ်ဒေသဆိုင်ရာ ရန်ပုံငွေကိုကြီးကြပ်အုပ်ချုပ်ရန်၊ သို့မဟုတ်စီမံအုပ်ချုပ်ရန် ဥပဒေဖြင့် တာဝန်အပ်နှင်းခြင်းခံရသော၊ သို့မဟုတ် အစိုးရကတာဝန်အပ်နှင်းခြင်းခံရသောအခြား အဖွဲ့အစည်း ကိုဖြစ် စေဆိုသည်။