အပ်နှံငွေ ဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ငွေအပ်နှံပြီး အဆိုပါငွေအပ်နှံသူက တောင်းဆိုသည့်အခါတွင်ဖြစ်စေ၊ ငွေအပ်နှံသူနှင့် ငွေလက်ခံသူတို့ သဘောတူ ထားသည့် အချိန်ကာလတစ်ခုတွင်ဖြစ်စေ ငွေပမာဏ တစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား ပြန်လည်ပေးရမည့် ငွေတစ်ရပ်ကို ဆိုသည်။