မည်သူမဆို သူတစ်ဦးဦး၏ သေစေမှုကို သို့မဟုတ် နာကျင်စေမှုကို သို့မဟုတ် မတရားတားဆီးခံရမှု ကိုပြုရန်ဖြစ်စေ၊ သေစေမည်ကို သို့မဟုတ် နာကျင်စေမည်ကို သို့မဟုတ် မတရားတားဆီးခံရမည်ကို ကြောက်ရွံ့စေရန်ဖြစ်စေ ပြင်ဆင်ပြီးနောက် အကျိုးဖျက်ဆီးမှုကိုကျူးလွန်လျှင် ထိုသူကို ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။