ပုဒ်မ ၃၁၆
ပုဒ်မ ၃၁၆
လှုပ်ရှားသော ကိုယ်ဝန်ရှိ အမိဝမ်းတွင်းကလေးကို သေစေခြင်း

မည်သူမဆို ဥပဒေနှင့်အညီ အပြစ်လွတ်ခွင့်မရှိဘဲ ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးအား သေစေ တန်ရာသည်ကို သိလျက်နှင့် ပြုလုပ်မှုတစ်ခုကိုပြု၍ ထိုသို့ပြုခြင်းဖြင့် လှုပ်ရှားသော ကိုယ်ဝန်ရှိ အမိဝမ်းတွင်းကလေးကို သေစေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်တရားသူကြီးက  စစ်ဆေးနိုင်သည်။