လူမှုဝန်ထမ်းဦးစီးဌာနသည် တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးထားသော ပရဟိတဂေဟာနှင့် ယာယီ စောင့်ရှောက်ရေးဂေဟာများအား-
(က) လိုအပ်သော လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊ စစ်ဆေးခြင်း၊ သင့်လျော်သည့်ကျွမ်းကျင်မှု ဖြည့်ဆည်းပေးခြင်းနှင့် ပံ့ပိုးမှုပေးခြင်းများ ပြုရမည်။
(ခ) သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ မရှိကို သင့်လျော်သော လူမှုဝန်ထမ်း အရာရှိကို ဖြစ်စေ၊ ကလေးသူငယ်ကြီးကြပ်သူကိုဖြစ်စေ၊ ယင်းပုဂ္ဂိုလ်များကို အဖွဲ့ဖွဲ့စည်း၍ဖြစ်စေ စုံစမ်း စစ်ဆေးစေပြီး စစ်ဆေးတွေ့ရှိချက်ကို တင်ပြစေနိုင်သည်။