ပုဒ်မ ၄၇၃
ပုဒ်မ ၄၇၃
အခြားပုဒ်မအရ ပြစ်ဒဏ်ထိုက်သည့် လိမ်လည်အတုပြုမှုကို ကျူးလွန်ရန်ကြံရွယ်ချက်ဖြင့် တံဆိပ်တု စသည်တို့ကိုပြုမှု သို့မဟုတ် လက်ရှိထားမှု

မည်သူမဆို ပုဒ်မ ၄၆၇ မှတစ်ပါး ဤအခန်းပါ အခြားပုဒ်မတစ်ခုခုအရ ပြစ်ဒဏ်ထိုက်သည့် လိမ်လည်အတုပြုမှုကို ကျူးလွန်ရန်အလို့ငှာ တံဆိပ်ကို သို့မဟုတ် ပလိတ်ပြားကို သို့မဟုတ် ပုံသဏ္ဌာန် ထင်အောင်ပြုသော အခြားကိရိယာကို သုံးစွဲ​စေရန် ကြံရွယ်ချက်ဖြင့် ထိုတံဆိပ်၊ ပလိတ်ပြား၊ အခြား ကိရိယာတစ်ခုခုကို ပြုလျှင် သို့မဟုတ် အတုပြုလျှင် သို့မဟုတ် ထိုကြံရွယ်ချက်ဖြင့် ယင်းတံဆိပ်၊ ပလိပ် ပြား၊ အခြားကိရိယာ တစ်ခုခုသည် အတုဖြစ်ကြောင်းသိလျက်နှင့် မိမိထံ၌ လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ .
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။