ဝန်ကြီးဌာနသည်-
(က) ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က) အရ တည်ထောင်လုပ်ကိုင်ခွင့်ပြုထားသော တိရစ္ဆာန်ဥယျာဉ် သို့မဟုတ် ရုက္ခဗေဒဥယျာဉ်ကို တစ်ခုချင်းအလိုက် ကြီးကြပ်ကွပ်ကဲရန် လိုအပ်လျှင် ကြီးကြပ် ရေးအဖွဲ့ကို ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးရမည်။
(ခ) ကြီးကြပ်ရေးအဖွဲ့ကို လိုအပ်ပါက ပြင်ဆင်ဖွဲ့စည်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင် သည်။