ပုဒ်မ ၃(ဌ)
ပုဒ်မ ၃(ဌ)
ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း

(ဌ) ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း (Legal Person) ဆိုသည်မှာ ဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းသော ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် အမြဲတမ်းဆက်သွယ်ဆောင်ရွက်သည့် လုပ်ငန်းထူထောင်ထားရှိသော အဖွဲ့အစည်း သို့မဟုတ် ငွေကြေး၊ ပစ္စည်းပိုင်ဆိုင်သော အဖွဲ့အစည်းတစ်ခုခုကိုဆိုသည်။ ယင်းစကားရပ်တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ၊ အများနှင့်မသက်ဆိုင်သော ကုမ္ပဏီ၊ ကော်ပိုရေးရှင်း၊ အစုစပ်လုပ်ငန်း၊ အသင်းအဖွဲ့ နှင့် အခြားအလားတူအသင်းအဖွဲ့များလည်း ပါဝင်သည်။