(က) လုပ်ငန်းလိုင်စင်ရရှိသူသည် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုခုနှင့်စပ်လျဉ်း၍ ဆောင် ရွက်ဆဲဝန်ဆောင်မှုအတွက်ဖြစ်စေ၊ ဆောင်ရွက်မည့် ဝန်ဆောင်မှုအသစ်အတွက် ဖြစ်စေ အဆိုပြုသည့် ဝန်ဆောင်ခနှုန်းထားကို ဦးစီးဌာနသို့ တင်ပြရမည်။
(ခ) ဦးစီးဌာနသည် အဆိုပြုတင်ပြသည့် ဝန်ဆောင်ခနှုန်းထားများကို စိစစ်ပြီး ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် ခွင့်ပြုပေးရမည်။