ပုဒ်မ ၃၇၄
ပုဒ်မ ၃၇၄
ဥပဒေနှင့်ဆန့်ကျင်သော အတင်းအဓမ္မခိုင်းစေမှု

မည်သူမဆို သူတစ်ဦးဦးအား ထိုသူ အလိုမတူဘဲ ဥပဒေနှင့်ဆန့်ကျင်၍ အတင်းအဓမ္မ ခိုင်းစေလျှင် ထိုသူကို တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

 

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။.
  4. ကျေအေးခွင့် ရှိသည်။
  5. မည်သည့်တရားသူကြီးမဆို  စစ်ဆေးနိုင်သည်။