ပုဒ်မ ၈၅
ပုဒ်မ ၈၅
စာရင်းစစ်ကော်မတီ

(က) ဘဏ်တိုင်းသည် စာရင်းစစ်ကော်မတီကို ဖွဲ့စည်းထားရန် လိုသည်။

(ခ) ဘဏ်၏ အစုဝင်များ သင်းလုံးကျွတ်အစည်းအဝေးမှ အဖွဲ့ဝင်သုံးဦးပါဝင်သော စာရင်းစစ် ကော်မတီ ကို ဖွဲ့စည်းရမည်။ စာရင်းစစ်ကော်မတီအဖွဲ့ဝင်များ၏ သက်တမ်းမှာ လေးနှစ် ဖြစ်သည်။

(ဂ) ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဦးသည် စာရင်းစစ်ကော်မတီကို ဦးဆောင်ရမည်။ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ သည် စာရင်းစစ် ကော်မတီတွင် ပါဝင်တာဝန်ထမ်းဆောင်ခြင်းမပြုရ။

(ဃ) စာရင်းစစ်ကော်မတီသည်-

    (၁) ဘဏ်အတွက် သင့်လျော်သော စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်ထိန်းချုပ်မှု များကို သတ်မှတ်ထားရမည့်ပြင်          ယင်းလုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်မှု ရှိမရှိ ကြီးကြပ် ရမည်။ ထို့ပြင်ဘဏ်၏ ငွေစာရင်းနှင့် မှတ်တမ်းများကို စစ်ဆေးရ      မည်။

     (၂) ဘဏ်နှင့်သက်ဆိုင်သည့် ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာဆောင်ရွက်မှု ရှိမရှိ စောင့်ကြပ် ကွပ်ကဲရမည့်အပြင် ထိုသို့ စောင့်ကြည့်      ကွပ်ကဲမှုကို ဒါရိုက်တာအဖွဲ့သို့ အစီရင်ခံရမည်။

     (၃) ဒါရိုက်တာအဖွဲ့သို့ တင်ပြသည့် ကိစ္စတစ်ရပ်ရပ်အပေါ် အကြံပြုချက်တောင်းခံလျှင် အကြံပြုချက် ပေးရမည်။

(င) စာရင်းစစ်ကော်မတီသည် အစည်းအဝေးသို့ သုံးလလျှင် တစ်ကြိမ်ပုံမှန် ကျင်းပရမည်ဖြစ်ပြီး ဒါရိုက် တာအဖွဲ့က အစည်းအဝေး တက်ရောက်ရန် ခေါ်သည့်အခါတိုင်း တက်ရောက်ရမည်။