ပုဒ်မ ၁၁၅
ပုဒ်မ ၁၁၅
မိမိဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို အကြောင်းကြားခြင်း

 (က) စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်သည် ဖျက်သိမ်းခြင်း သို့မဟုတ် မိမိဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းတို့အတွက် အောက်ပါအတိုင်း အကြောင်းကြားစာ ပေးပို့ရမည်-

(၁) ဗဟိုဘဏ်မှ ပုဒ်မ ၁၁၃ အရ အတည်ပြုချက် လက်ခံရရှိပြီး ၁၄ရက်အတွင်း ကုမ္ပဏီမှတ်ပုံတင် အရာရှိထံသို့ ပေးပို့ရန်၊

(၂) ငွေအပ်နှံသူများအားလုံးနှင့် အခြားမြီရှင်များအပြင် အခြားနည်းအားဖြင့် ဘဏ်တွင် ယုံမှတ်အပ်နှံ ထားသည့် ငွေနှင့်အခြား ပစ္စည်းများကို ပြန်လည်လက်ခံရယူရမည့်သူများ၊ လုံခြုံမှုအရ အပ်နှံထားသည့် သေတ္တာကို ငှားရမ်းထားသူများ သို့မဟုတ် ယုံမှတ် အပ်နှံထားသူများထံသို့ ပေးပို့ရန်၊

(၃) ဘဏ်မှ ငွေးချေယူထားသော မြီစားများကို မိမိတို့၏ ချေးယူငွေများအား အမြန်ဆုံး ပြင်ဆပ်နိုင် ရေးအကြောင်းကြားစာ ပေးပို့ရန်၊

(၄) နိုင်ငံတော်အတွင်း အများပြည်သူသိရှိနိုင်ရန် သတင်းစာတွင် တစ်ကြိမ် ထုတ်ပြန်ကြေညာရမည်။

(၅) ဘဏ်လုပ်ငန်း အဓိကနေရာနှင့် အခြားရုံးများရှိ အများမြင်သာသည့် နေရာတွင် ကြေညာထားရန်၊

(ခ) ပုဒ်မခွဲ (က)တွင် ရည်ညွှန်းသည့် အကြောင်းကြားစာတွင် ပါရှိရမည့် သတင်းအချက်အလက်များကို ဗဟိုဘဏ်က သတ်မှတ်ပေးရမည်။

(ဂ) ဗဟိုဘဏ်သည် အောက်ပါအချက်တစ်ရပ်ရပ်ကို တွေ့ရှိလျှင် စာရင်းရှင်းလင်းဖျက်သိမ်းမည့် ဘဏ်က ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂)အရ ပုဂ္ဂိုလ်တစ်ဦးဦးထံ အကြောင်းကြားစာ ပေးပို့ခြင်းမှ ကင်းလွတ်ခွင့်ပြု နိုင်သည်-

(၁) ထိုသို့ပြုလုပ်ရန် လက်တွေ့မကျကြောင်း၊

(၂) ထိုပုဂ္ဂိုလ်သည် ဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် စပ်လျဉ်း၍ အခြားသော နည်းဖြင့် လုံလောက်သည့် သတိပေးစာ ရရှိပြီးဖြစ်ကြောင်း။