ပုဒ်မ ၄၇၄
ပုဒ်မ ၄၇၄
ပုဒ်မ ၄၆၆ ၌ သို့မဟုတ် ၄၆၇ ၌ ဖော်ပြထားသည့် စာတမ်းအမှတ်အသားကို လိမ်လည်အတုပြုထား ကြောင်း သိလျက်နှင့်လည်းကောင်း ၊ အစစ်အမှန်အနေဖြင့် အသုံးပြုရန် ကြံရွယ်ချက်ဖြင့်လည်းကောင်း လက်ရှိထားခြင်း

မည်သူမဆို ပုဒ်မ ၄၆၆ ၌ ဖော်ပြထားသော စာတမ်းအမှတ်အသားမျိုး တစ်ခုခုကို လိမ်လည်အတုပြု ထားကြောင်း သိလျက်နှင့်လည်းကောင်း၊ လိမ်လည်လှည့်ဖြားလိုသည့် သဘောဖြင့်ဖြစ်စေ၊ မရိုးမဖြောင့် သောသဘောဖြင့်ဖြစ်စေ အစစ်အမှန်အနေနှင့် အသုံးပြုစေရန် ကြံရွယ်ချက်ဖြင့်လည်းကောင်း မိမိထံ၌ လက်ရှိထားလျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင် သည်။ ထို့ပြင် အကယ်၍ ထိုစာတမ်းအမှတ်အသားသည် ပုဒ်မ ၄၆၇ တွင် ဖော်ပြသည့် စာတမ်းအမှတ် အသားမျိုး တစ်ခုခုဖြစ်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ်ဖြစ်စေ၊ ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်ပြင် ​ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။ 
  3.  အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ .
  5. စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။