ပုဒ်မ ၄၃၉
ပုဒ်မ ၄၃၉
ခိုးမှုအစရှိသည့်ပြစ်မှုကို ကျူးလွန်ရန်ကြံရွယ်ချက်ဖြင့် ရေယာဉ်ကို တမင်သောင်တင်စေသည့်အတွက် သို့မဟုတ် ကမ်းတင်စေသည့်အတွက် ပြစ်ဒဏ်။

မည်သူမဆို ရေယာဉ်၌ပါရှိသော ပစ္စည်းတစ်ခုခုကို ခိုးရန် ကြံရွယ်ချက်ဖြင့်သော်လည်းကောင်း၊ မရိုးမဖြောင့်သောသဘောနှင့် ထိုပစ္စည်းကို အလွဲသုံးစားပြုရန် ကြံရွယ်ချက်ဖြင့်သော်လည်းကောင်း၊ ထိုသို့ ခိုးခြင်းကို သို့မဟုတ် ထိုသို့အလွဲသုံးစားပြုခြင်းကို ကျူးလွန်နိုင်စေရန် ကြံရွယ်ချက်ဖြင့်သော်လည်းကောင်း ရေယာဉ်ကို တမင်သောင်တင်စေလျှင် သို့မဟုတ် ကမ်းတင်စေလျှင် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်        
  4. ကျေအေးခွင့် မရှိ
  5.  စက်ရှင်တရားရုံးက စစ်ဆေးနိုင်သည်။