ပုဒ်မ ၃၁၅
ပုဒ်မ ၃၁၅
ကလေးအရှင်မွေးဖွားခြင်းကို တားဆီးရန် အကြံဖြင့်သော်လည်းကောင်း၊ မွေးဖွားပြီးနောက် သေစေရန် အကြံဖြင့် သော်လည်းကောင်း ပြုလုပ်မှုတစ်ခုကို ပြုခြင်း

မည်သူမဆို ကလေးမမွေးဖွားမီ ထိုကလေးအရှင် မွေးဖွားခြင်းကို တားဆီးရန်အကြံဖြင့်ဖြစ်စေ၊ မွေးဖွားပြီးနောက် သေစေရန် အကြံဖြင့်ဖြစ်စေ ပြုလုပ်မှုတစ်ခုခုကိုပြု၍ ထိုသို့ပြုခြင်းဖြင့် ထိုကလေးအရှင် မွေးဖွားခြင်းကို တားဆီးလျှင် သို့မဟုတ် မွေးဖွားပြီးနောက် သေစေလျှင် ထိုသို့ ပြုခြင်းသည် မိခင် အသက်ကို ကယ်ဆယ်ရန် သဘောရိုးဖြင့်ပြုခြင်း မဟုတ်ခဲ့သော် ထိုသူကို ဆယ်နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်မရှိ
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ မပေးနိုင်
  4. ကျေအေးခွင့် မရှိ
  5. စက်ရှင်တရားသူကြီးက  စစ်ဆေးနိုင်သည်။