ပုဒ်မ ၁၉
ပုဒ်မ ၁၉
ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ

သစ်တောဦးစီးဌာနသည် ဝန်ကြီးဌာန၏ သဘောတူညီချက်ဖြင့် -

(က) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များကို နိုင်ငံတော်၏ လိုအပ်ချက်အရ ကာကွယ်ထိန်းသိမ်းရန်အလို့ငှာ အောက်ပါအမျိုးအစားအတိုင်း သတ်မှတ်ကြေညာရမည်-

(၁) လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊

(၂) သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊

(၃) ရာသီအလိုက်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်များ၊

(ခ) ပုဒ်မခွဲ (က) အရ သတ်မှတ်ကြေညာထားသော ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် အမျိုးအစားများကို လိုအပ်ပါက ပြင်ဆင်သတ်မှတ်နိုင်သည်။

(ဂ) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့် သဘာဝအပင်များကို နိုင်ငံတော်၏ လိုအပ်ချက်အရ ကာကွယ်ထိန်းသိမ်းနိုင်ရန်အလို့ငှာ အမျိုးအမည်နှင့် နေရာဒေသ ကို သတ်မှတ်ကြေညာရမည်။

(ဃ) တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ် မကျရောက်စေရန်နှင့် ရေရှည်တည်တံ့စေရေး ထိန်းသိမ်းကာကွယ်နိုင်ရန် ထိန်းသိမ်းမှု အဆင့်အတန်း သတ်မှတ်ချက်ကို နိုင်ငံတော်၏ လိုအပ်ချက်အရ အခါအားလျော်စွာ သတ်မှတ် ကြေညာရမည်။

(င) ကွန်ဗင်းရှင်းမှ ထုတ်ပြန်သည့် စာရင်းများကို အများပြည်သူသိရှိနိုင်ရေး သတ်မှတ်ကြေညာ ရမည်။

(စ) မျိုးဆက်ပျက်သုဉ်းမည့်အန္တရာယ်ရှိသဖြင့် ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များအား ကာကွယ်ရန် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်။

(ဆ) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်မှ ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များသည် အခြားဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိနေပါက ယင်းတို့ကို ကာကွယ်ထိန်းသိမ်းရန် သက်ဆိုင်ရာအစိုးရဌာန သို့မဟုတ် အစိုးရအဖွဲ့အစည်းနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။