အရေးကြီး သတင်းအချက်အလက် အခြေခံအဆောက်အအုံနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများသည် အောက်ပါအချက်များကို ဆောင်ရွက်ရမည်-
(က) ဆိုက်ဘာလုံခြုံရေး စီမံချက်များအား သတ်မှတ်ချက်နှင့်အညီ ရေးဆွဲခြင်း၊
(ခ) ဆိုက်ဘာလုံခြုံရေးကျိုးပေါက်မှု အရေးပေါ်စောင့်ကြည့်တုံ့ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊
(ဂ) သင့်လျော်သော ပုဂ္ဂိုလ်အား အရေးကြီးသတင်းအချက်အလက်အခြေခံအဆောက်အအုံစီမံ ထိန်းသိမ်းရန် တာဝန်ရှိသူအဖြစ် တာဝန်ပေးအပ်ခြင်း၊
(ဃ) ဆိုက်ဘာလုံခြုံရေး အစီရင်ခံစာကို ဦးစီးကော်မတီသို့ ပြက္ခဒိန်နှစ်တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် တင်သွင်းခြင်း။