ပုဒ်မ ၈၆
ပုဒ်မ ၈၆
လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်း

(က) ဘဏ်သည် နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါ အောက်ပါတို့ကို ပြုစုရမည်-

      (၁) သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးအလုပ်လုပ်ရက်များရှိ လက်ကျန်ရှင်းတမ်း၊

      (၂) အဆိုပါ ဘဏ္ဍာရေးနှစ်အတွက် အရှုံးအမြတ်စာရင်း၊

      (၃) ဗဟိုဘဏ်က လိုအပ်သည့် အခြားငွေရေးကြေးရေးဆိုင်ရာ ရှင်းတမ်းများ။

(ခ) ဘဏ်၏ ငွေရေးကြေးရေး ရှင်းတမ်းများဖြစ်သည့် လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်း သည် ၎င်းအဖွဲ့အစည်းနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်မှုနှင့် ငွေရေး ကြေးရေးအခြေအနေတို့ကို သီးခြားစီဖြစ်စေ၊ စုပေါင်း၍ ဖြစ်စေ ထင်ဟပ်ပေါ်လွင်နေရမည်။

(ဂ) ဘဏ်သည် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ငွေရေးကြေးရေးရှင်းတမ်းများကို ဗဟိုဘဏ်သို့ ပေးပို့ရမည်။

(ဃ) ဘဏ်သည် ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ဆေးထားသည့် ငွေရေးကြေးရေးရှင်းတမ်းကို ဗဟို ဘဏ်ကခွင့်ပြုသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် အများပြည်သူ သိရှိရန် ထုတ်ပြန်ကြေညာရမည်။

(င) စာရင်းစစ်ဆေးထားသည့် ငွေရေးကြေးရေးရှင်းတမ်းကို ဘဏ်၏ ဘဏ်ခွဲအသီးသီး၌ မြင်သာသော နေရာတွင် ပြသ ထားရမည်။

(စ) ဘဏ်သည်၎င်း၏ လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်းတို့ကို ဗဟိုဘဏ်က သတ်မှတ်သည့် အချက်အလက်များပါရှိသည့် ပုံစံဖြင့် ပြုစုရမည်။ ထို့အပြင် အတည်ပြုချက် ထုတ်ပေးခြင်း၊ အများပြည် သူသိရှိစေရန် ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်း၍ ဗဟိုဘဏ်၏ သတ်မှတ်ချက်များအရ ဆောင်ရွက်ရမည်။

(ဆ) ဘဏ်က ပုဒ်မခွဲ (စ)အရ ဘဏ်ရှင်းတမ်းကို ထုတ်ပြန်ရာတွင် ပါရှိရမည့်အချက်များ မပါရှိခြင်း သို့မဟုတ် မမှန်မကန် ဖော်ပြခြင်း သို့မဟုတ် လှည့်ဖြား၍ ဖော်ပြခြင်းပြုလုပ်ကြောင်း တွေ့ရှိလျှင် ဗဟိုဘဏ်သည် ဘဏ်သို့ အောက်ပါတို့ကို ဆောင်ရွက် ရန် အကြောင်းကြားစာ ပေးပို့နိုင်သည်-

    (၁) ထုတ်ပြန်သည့်ရှင်းတမ်းတွင် ချန်လှပ်ထားသော အချက်များပြန်လည် ထည့်သွင်းဖော်ပြရန်၊

    (၂) မမှန်ကန်သော သို့မဟုတ် လှည့်ဖြားထားသော အချက်များမပါသည့် ရှင်းတမ်းအား ထုတ်ပြန်ရန်၊

    (၃) ဗဟိုဘဏ်က အကြောင်းကြားစာကို သတ်မှတ်ပေးသည့်အတိုင်း မှားယွင်းချက်များကို ပြင်ဆင်ရန်။