ဦးစီးဌာနက ပုဒ်မ ၂၁ အရ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ ပုဒ်မ ၂၃ အရ လိုင်စင် သက်တမ်း တိုးပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် ပုဒ်မ ၂၅ အရ မှတ်ပုံတင်ပေးရန် ငြင်းပယ်ခြင်း၊ ပုဒ်မ ၂၇ အရ မှတ်ပုံတင်သက်တမ်းတိုးရန် ငြင်းပယ်ခြင်းကို ကျေနပ်မှုမရှိသူသည် ယင်းဆုံးဖြတ်ချက် သို့မဟုတ် အမိန့်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်နှင့်အညီ ဝန်ကြီးဌာနသို့ အယူခံနိုင် သည်။