(၁) အောက်ဖော်ပြပါ စာရင်းဇယား၏ ပထမစာတိုင်နှစ်ခုတွင် သတ်မှတ် ဖော်ပြထားသည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများအရ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုများကို ထိုစာရင်းဇယား၏ တတိယစာတိုင်တွင် ဖော်ပြပါရှိသူများက ကျေအေးနိုင်သည်။
| ပြစ်မှု | သက်ဆိုင်သည့် ရာဇသတ်ကြီး ပုဒ်မများ | ပြစ်မှုကို ကျေအေး နိုင်သူများ |
တစ်ဦးတစ်ယောက်သောသူ၏ ဘာသာရေး စိတ်ကို နာစေရန် တမင်ကြံရွယ်၍ စကားစသည်များ ပြောဆိုမှု။
| ၂၉၈ | ဘာသာရေးစိတ်ကို နှာစေရန် တမင်ကြံရွယ်ခြင်းခံရသူ။ |
ရုတ်တရက်အကြီးအကျယ်ဒေါသထွက် အောင် ပြုမှုကြောင့် နာကျင်စေမှု။ | ၃၃၄ | နာကျင်စေမှု ပြုခြင်းခံရသူ။ |
လူတစ်ဦးကို မတရားတားဆီးကန့်ကွက် မှု၊ သို့မဟုတ် မတရားချုပ်နှောင်ထားမှု။ | ၃၄၁ /၃၄၂ | မတရားတားဆီးကန့်ကွက်ခြင်းခံရသူ၊ သို့မဟုတ် မတရားချုပ်နှောင်ထားခြင်းခံရသူ။ |
| လက်ရောက်မှ၊သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်အထက်ပြုမှု | ၃၅၂/၃၅၅/၃၅၈ | လက်ရောက်မှု၊ သို့မဟုတ် ပြစ်မှုမကင်းသောအနိုင် အထက်ပြုမှုကျူးလွန်ခြင်း ခံရသူ။ |
| ဥပဒေနှင့်ဆန့်ကျင်သော အတင်းအဓမ္မခိုင်းစေမှု။ | ၃၄၇ | အတင်းအဓမ္မစေခိုင်းခြင်း ခံရသူ။ |
ဆုံးရှုံးမှု၊ သို့မဟုတ် ပျက်စီးမှုမှာ လူတစ်ဦးကိုသာ ဆုံးရှုံးခြင်း၊ သို့မဟုတ် အကျိုးပျက်စီးခြင်းဖြစ်စေသောအကျိုးပျက်စီးမှု။ | ၄၂၆/၄၂၇ | ဆုံးရှံးခြင်း သို့မဟုတ် အကျိုးပျက်စီးခြင်းခံရသူ။ |
| ပြစ်မှုမကင်းသောကျော်နင်းမှု။ အိမ်ကျော်နင်းမှု။ | ၄၄၇၊ ၄၄၈ | ကျော်နင်းခြင်းခံရသော ပစ္စည်းကို လက်ရှိဖြစ်သူ။ |
ပြုစုကြည့်ရှု၍၊ အလို ဖြည့်စွမ်းရန် ပဋိညာဉ်ကို ပြစ်မှုမကင်းသော ဖောက်ဖျက်မှု။ | ၄၉၁ | ပြစ်မှုကျူးလွန်သူက ပဋိဉာဉ် ပေးထားသူ။ |
| မယားခိုးမှု။ | ၄၉၇ | အမျိုးသမီး၏ လင်ယောက်ျား |
| အသရေဖျက်မှု။ | ၅၀၀ | အသရေဖျက်ခြင်းခံရသူ |
အသရေပျက်စေမည်ဟုသိသော အကြောင်းအရာကိုပုံနှိပ်မှု၊ သို့မဟုတ် ထုထွင်းမှု | ၅၀၁ | အသရေဖျက်ခြင်းခံရသူ။ |
အသရေပျက်စေသော အကြောင်းပါရှိသည့် ပုံနှိပ်ထာသောအရာကိုဖြစ်စေ၊ ထုထွင်း ထားသော အရာကိုဖြစ်စေ ရောင်းချမှု။ | ၅၀၂ | အသရေဖျက်ခြင်းခံရသူ။ |
| ငြိမ်ဝပ်ရေးပျက်ပြားစေရန် အကြံဖြင့် တမင်စော်ကားမှု။ | ၅၀၄ | စော်ကားခြင်းခံရသူ။ |
ခုနှစ်နှစ်အထိ ထောင်ဒဏ်ထိုက်သော ပြစ်မှုမှတပါး ပြစ်မှုမကင်းသော ခြောက်လှန့်မှု။ | ၅၀၆ | ခြောက်လှန့်ခြင်းခံရသူ။ |
သက်ဆိုင်ရာအယူဝါဒအရ အပြစ်ရောက်မည်ဟု ယုံကြည် စေရန် တစ်ဦးတစ် ယောက်သောသူအား သွေးဆောင်ခြင်း ဖြင့် ပြုလုပ်မှု။ | ၅၀၈ | ပြစ်မှုကျူးလွန်ခြင်းခံရသူ။ |
၃၄၅။(၂) အောက်ဖေါ်ပြပါ စာရင်းဇယား၏ ပထမစာတိုင်နှစ်ခုတွင် သီးခြားဖေါ်ပြထားသည့် ရာဇသတ်ကြီး ပုဒ်မများအရ ပြစ်ဒဏ်စီရင်ထိုက်သော ပြစ်မှုများကို ၎င်းပြစ်မှုအတွက် တရားစွဲဆိုမှု ရှိနေသည့် တရားရုံး၏ ခွင့်ပြုချက်ဖြင့် ထိုစာရင်းဇယား၏ တတိယစာတိုင်တွင် ဖေါ်ပြပါရှိသူများက ကျေအေးနိုင်သည်။
| ပြစ်မှု | သက်ဆိုင်သည့် ရာဇသတ်ကြီး ပုဒ်မများ | ပြစ်မှုကို ကျေအေး နိုင်သူများ |
| နာကျင်စေမှု။ | ၃၂၃ | နာကျင်စေမှု ပြုလုပ်ခြင်း ခံရသူ။ |
ရုတ်တရက် အကြီးအကျယ် ဒေါသထွက် အောင်ပြုမှု ကြောင့် မိမိအလိုအလျောက် အပြင်းအထန်နာကျင်စေမှု။ | ၃၃၅ | နာကျင်စေမှု ပြုလုပ်ခြင်း ခံရသူ။ |
သုံးရက် သို့မဟုတ် သုံးရက်ထက်ပို၍ လူတစ်ဦးအား မတရားချုပ်နှောင်ထားမှု။ | ၃၄၃ | ချုပ်နှောင်ခြင်းခံရသူ။ |
| လူတစ်ဦးအား လျှို့ဝှက်စွာ မတရားချုပ် နှောင်ထားမှု။ | ၃၄၆ | ချုပ်နှောင်ခြင်းခံရသူ။ |
လူတစ်ဦးကို မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် ကျူးလွန်သည့် လက်ရောက်မှု သို့မဟုတ် ပြစ်မှုမကင်းသော အနိုင်ထက်ပြုမှု။ | ၃၅၇ | လက်ရောက်မှု သို့မဟုတ် အနိုင်အထက်ပြုမှု ကျူးလွန် ခြင်းခံရသူ။ |
| ပစ္စည်းကို မရိုးမဖြောင့်သော သဘောဖြင့် အလွဲသုံးစားမှု။ | ၄၀၃ | အလွဲသုံးစားပြုခံရသည့် ပစ္စည်း ပိုင်ရှင်။ |
| လိမ်လည်မှု။ | ၄၁၇ | လိမ်လည်ခြင်း ခံရသူ။ |
ပြစ်မှုကျူးလွန်သူက တရားဥပဒေအရ ဖြစ်စေ၊ တရားဝင် ပဋိဉာဉ်အရ ဖြစ်စေ၊ မိမိကာကယ်စောင့်ရှောက်ရန် တာဝန်ရှိသူအား လိမ်လည်မှု။ | ၄၁၈ | လိမ်လည်ခြင်း ခံရသူ။ |
| သူတပါးအယောင်ဆောင်၍ လိမ်လည်မှု။ | ၄၁၉ | လိမ်လည်ခြင်း ခံရသူ |
ရေကြောင်းကို မတရားလွဲဖယ်ခြင်းဖြင့် သော်လည်းကောင်း၊ ရေသွယ်လုပ်ငန်းကို ဖျက်ဆီးခြင်းဖြင့်သော်လည်းကောင်း လူတစ်ဦးအား ဆုံးရှုံးခြင်းသို့မဟုတ် အကျိုးပျက်စီးခြင်းသာ ဖြစ်စေသော အကျိုးဖျက်ဆီးမှု။ | ၄၃၀ | ဆုံးရှုံးခြင်း သို့မဟုတ် အကျိုး ပျက်စီးခြင်းခံရသူ။ |
ခိုးမှုမှတစ်ပါထောင်ဒဏ်ထိုက်သည့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်ရန် အိမ်ကျော်နင်းမှု။ | ၄၅၁ | ကျော်နင်းခြင်းခံရသည့်အိမ်ကို လက်ရှိဖြစ်သူ။ |
လင် သို့မဟုတ် မယား အသက်ထင်ရှား ရှိနေစဉ်အတွင်း ထပ်မံထိမ်းမြားမှု။ | ၄၉၄ | ထိုကဲ့သို့ ထိမ်းမြားသူ၏လင် သို့မဟုတ် မယား။ |
မိန်းမတစ်ယောက်၏ ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်သော စကားများ ပြောဆိုမှု သို့မဟုတ် အသံပြုလုပ်မှု သို့မဟုတ် အရာဝတ္ထုတစ်ခုကို ပြုမှု သို့မဟုတ် မိန်းမတစ်ယောက်၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်မှု။ | ၅၀၉ | စော်ကားရန် ကြံရွယ်ခြင်းခံရသည့် သို့မဟုတ် မိမိ၏ ဆိတ်ကွယ်ရာကို ကျူးကျော်ခြင်း ခံရသည့် အမျိုးသမီး။
|
(၃) ပြစ်မှုတစ်စုံတစ်ရာသည် ဤပုဒ်မအရ ကျေအေးနိုင်လျှင် အဆိုပါပြစ်မှုကိ အားပေးကူညီမှု သို့မဟုတ် အဆိုပါပြစ်မှုကို ကျူးလွန်ရန် အားထုတ်မှု( ယင်းအားထုတ်မှုသည် ပြစ်မှုမြောက်သည့် အခါ)ကိုလည်း အလားတူကျေအေးနိုင်သည်။
(၄) ပြစ်မှုတစ်ရပ်ကို ဤပုဒ်မအရ အခြားနည်းအားဖြင့် ကျေအေးပေးနိုင်သူမှာ အသက်တစ်ဆယ့်ရှစ်နှစ်အောက် သို့မဟုတ် ဝမ်းတွင်းရူးသူ သို့မဟုတ် ရှူးသွပ်သူဖြစ်နေသောအခါ ၎င်းကိုယ်စား ပဋိဉာဉ်ပြုရန် အရည်အချင်းရှိသူ မည်သူမဆို တရားရုံး၏ ခွင့်ပြုချက်ဖြင့် အဆိုပါပြစ်မှုကို ကျေအေးနိုင်သည်။
(၅) တရားခံအား စစ်ဆေးစီရင်ရန်အတွက် လွှဲအပ်တင်ပို့ပြီးသောအခါ၌ဖြစ်စေ၊ တရားခံအား ပြစ်မှုထင်ရှားစီရင်ပြီး၍ အယူခံမှု တင်သွင်းသောအခါ၌ဖြစ်စေ ၎င်းအား တင်ပို့သဖြင့် လက်ခံရရှိသည့် တရားရုံး၏ သို့မဟုတ် အယူခံမှုကို ကြားနာသည့် တရားရုံး၏ခွင့်ပြု ချက်မရဘဲ ယင်းပြစ်မှုကို ကျေအေးခွင့်မပြုရ။
(၅-က)ပြည်ထောင်စု တရားလွတ်တော်ချုပ်က ဖြစ်စေ၊ တိုင်းဒေသကြီးတရားလွတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်ကဖြစ်စေ၊ ခရိုင်တရားရုံးကဖြစ်စေ၊ ပုဒ်မ ၄၃၉အရ မိမိ၏ ပြင်ဆင်မှုအာဏာများကို သုံးစွဲလျက် ဤပုဒ်မအရ ကျေအေးနိုင်သည့် မည့်သည့်ပြစ်မှုကိုမဆို ကျေအေးခွင့်ပြုနိုင်သည့် အရည်အချင်းရှိသူအား ကျေအေးခွင့် ပြုနိုင်သည်။
(၆) ပြစ်မှုတစ်ရပ်ကို ဤပုဒ်မအရ ကျေအေးခြင်းသည် ကျေအေးလိုက်သည့် ပြစ်မှုနှင့် စပ်လျဉ်သည့် တရားခံအား အမှုမှာ အပြီးပြတ်လွဝ်သည့် အကျိုးသက်ရောက်စေရမည်။
(၇) ဤပုဒ်မပါ ပြဌာန်းထားသည့် အတိုင်းမှတစ်ပါး မည်သည့် ပြစ်မှုကိုမျှ မကျေအေးစေရ။