မည်သူမဆို ပြည်သူ့ဝန်ထမ်းဖြစ်သည့်အလျောက် နိုင်ငံရေးအကျဉ်းသားကိုဖြစ်စေ၊ စစ်သုံ့ပန်းကိုဖြစ်စေ ထိန်းသိမ်းထားသည်တွင် ထိုအကျဉ်းသားကို သို့မဟုတ် ထိုစစ်သုံ့ပန်းကို ချုပ်ထားရာနေရာမှ ဝတ္တရားပေါ့လျော့မှုကြောင့် လွတ်ပြေးစေလျှင် ထိုသူကို သုံးနှစ်ထိ အလုပ်မဲ့ထောင်ဒဏ် ချမှတ်ရမည့်ပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။