ပုဒ်မ ၂၉၃
ပုဒ်မ ၂၉၃
ညစ်ညမ်းသော အရာဝတ္ထုများကို ငယ်ရွယ်သူအား ရောင်းချခြင်း စသည်များ

မည်သူမဆို တစ်ဆက်တည်းဖြစ်သော အထက်ပုဒ်မတွင် ဖော်ပြထားသည့် ညစ်ညမ်းသော အရာဝတ္ထု တစ်ခုခုကို အသက်နှစ်ဆယ် မပြည့်သေးသူတစ်ဦးဦးသို့ ရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ဝေငှခြင်း၊ ပြသခြင်း၊ ဖြန့်ချိခြင်း တစ်ခုခုပြုလျှင် သို့မဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း တစ်ခုခုပြုလျှင် ထိုသူကို ခြောက်လထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရ မည်။

ကျင့်ထုံး
  1. ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
  2. သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
  3. အာမခံ ပေးရမည်။
  4. ကျေအေးခွင့် မရှိ
  5. ပထမတန်း သို့မဟုတ် ဒုတိယတန်း အာဏာရ တရားသူကြီးက စစ်ဆေးနိုင်သည်။