ပုဒ်မ ၁၃၉
ပုဒ်မ ၁၃၉
စာရင်းရှင်းလင်းခြင်းဆိုင်ရာ နည်းဥပဒေများ တရားဝင်တည်ရှိမှု

 (က) စာရင်းရှင်းလင်းရေးအဖွဲ့ ပါဝင်ဆောင်ရွက်သူများ၊ ဗဟိုပြန်လှန်စစ်ဆေးရေး အဖွဲ့ဝင်များ သည် စာရင်းရှင်းလင်းရေးစနစ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအားလိုက်နာရမည်။

(ခ) ပေးချေမှုတစ်ခုအတွက် အာမခံထားသည့်အပေါင်ပစ္စည်း သို့မဟုတ် သတ်မှတ်ထားသည့် စာရင်းရှင်းလင်းရေး စနစ်တွင် ဖြစ်ပေါ်သည့် ပေးရန်တာဝန်ရှိမှုကို ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ပါဝင်ဆောင်ရွက်သူ၊ စာရင်းရှင်းလင်းရေးအဖွဲ့၊ ဗဟိုပြန်လှန် စစ်ဆေးရေး အဖွဲ့ဝင်များ သို့မဟုတ် ဗဟို ဘဏ်၏ အခွင့်အရေးနှင့် သက်သာခွင့်များသည် လူမွဲစာရင်းခံယူခြင်း တရားစွဲဆိုခြင်းကြောင့် ထိခိုက်မှု မရှိစေရ။ ထို့ပြင် ဆိုင်းငံ့ထားသည့် ပြဋ္ဌာန်းချက် တစ်ရပ်ရပ် သို့မဟုတ် အာမခံပစ္စည်းနှင့် စပ်လျဉ်း၍ မြီရှင်၏ ကျင့်သုံးနိုင်သည့် အခွင့်အရေးနှင့်သက်သာခွင့်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။