စာတမ်းအမှတ်အသား ဆိုသည်မှာ အောက်ပါတို့ ပါဝင်သည်-
(၁) မည်သည့်ပုံစံဖြင့်မဆို သရုပ်ဖော်ထားသည့် သို့မဟုတ် ဖော်ပြထားသည့် အရာဝတ္ထု တစ်ခုခု၊
(၂) အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ သံလိုက်နည်းဖြင့်ဖြစ်စေ၊ စက်မှုပိုင်းဆိုင်ရာ နည်းဖြင့်ဖြစ်စေ၊ ရုပ်သေ သို့မဟုတ် ရုပ်ရှင်ဖြင့် မှတ်တမ်းတင်ထားသည့် မြင်နိုင်သော အရာတစ်ခုခု၊ အသံသွင်းထားသည့် အရာတစ်ခုခု။