မည်သူမဆို ခိုးရာပါပစ္စည်းဖြစ်ကြောင်းသိလျက်နှင့် သို့မဟုတ် ထိုသို့ယုံကြည်ရန် အကြောင်းရှိ လျက်နှင့် ထိုခိုးရာပါ ပစ္စည်းကို မရိုးမဖြောင့်သောသဘောဖြင့် လက်ခံလျှင်သော်လည်းကောင်း၊ ထိန်းသိမ်း ထားလျှင်သော်လည်းကောင်း ထိုသူကို သုံးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
စက်ရှင်တရားရုံး သို့မဟုတ် မည်သည့်တရားသူကြီးမဆို စစ်ဆေးနိုင်သည်။