မည်သူမဆို အသက်ငယ်ခြင်းကြောင့်သော်လည်းကောင်း၊ စိတ်ပေါ့သွပ်ခြင်းကြောင့်သော်လည်း ကောင်း၊ ရောဂါစွဲကပ်ခြင်းကြောင့်သော်လည်းကောင်း၊ ကိုယ်ခန္ဓာချည့်နဲ့ခြင်းကြောင့်သော်လည်းကောင်း အားကိုးရာမဲ့သော သို့မဟုတ် မိမိ၏ လုံခြုံမှုအတွက် ကိုယ်တိုင်မစွမ်းဆောင်နိုင်သော သို့မဟုတ် မိမိအလိုရှိသည်ကို မိမိကိုယ်တိုင် မဖြည့်စွမ်းနိုင်သောသူကို ဥပဒေနှင့်အညီ ပြုလုပ်သည့် ပဋိညာဉ်အရ ပြုစုကြည့်ရှု ရန် သို့မဟုတ် ထိုသူ၏ လိုအပ်သည်များကို ဖြည့်စွမ်းရန် တာဝန်ရှိပါလျက် ထိုတာဝန်ကို ဆောင်ရွက်ရန် မိမိအလိုအလျောက် ပျက်ကွက်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်နှစ်သောင်း ထိငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။