ပုဒ်မ ၇၃
ပုဒ်မ ၇၃
ဘဏ်များ၏ ဒါရိုက်တာအဖွဲ့၊ အမှုဆောင်အရာရှိချုပ်

(က) ဘဏ်သည် အစုရှယ်ယာရှင်များ သင်းလုံးကျွတ် အထွေထွေ အစည်းအဝေးမှ ရွေးချယ်ခြင်း ခံရသူ ဒါရိုက်တာငါးဦး အောက်မနည်းသော ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းထားရှိရမည်။

(ခ) ဘဏ်၏ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် အစည်းအဝေး အထမြောက်ရန် တက်ရောက်ရမည့် အဖွဲ့ဝင်ဒါရိုက်တာဦးရေ ပြည့်မီစွာ တက်ရောက်သော်လည်း အမှုဆောင်မဟုတ်သော သီးခြားလွတ်လပ် သော ဒါရိုက်တာ အနည်းဆုံးတစ်ဦး တက်ရောက်မှသာ ထိုအစည်းအဝေး အထမြောက်သည်။

(ဂ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြားဘဏ်ခွဲများနှင့် သက်ဆိုင်ခြင်းမရှိစေရ။