ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်၏ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မဟာဗျူဟာနှင့် မူဝါဒကို အကောင်အထည်ဖော်ရန်၊
(ခ) နိုင်ငံတော်၏ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဆိုင်ရာမူဝါဒကို အကောင်အထည်ဖော် ရန်၊
(ဂ) တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၊ ဂေဟစနစ်များနှင့် ရာသီအလိုက် ဒေသ ပြောင်းရွှေ့ကျက်စားလေ့ရှိသော တိရစ္ဆာန်များကာကွယ်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော် က လက်ခံသဘောတူထားသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ ဆောင်ရွက် ရန်၊
(ဃ) တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ယင်းတို့၏ အစိတ်အပိုင်းများ၊ ယင်းတို့မှ တစ်ဆင့် ထုတ်လုပ်သောထုတ်ကုန်များ၊ ဆင့်ပွားထုတ်လုပ်သော ပစ္စည်းများကို ကူးသန်းရောင်း ဝယ်ခြင်းအား ထိန်းချုပ်ရန်၊
(င) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေများ၊ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်များနှင့် ယင်းတို့၏ နေရင်းဒေသများကို ကာကွယ် ထိန်းသိမ်းရန်၊
(စ) သဘာဝသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများနှင့် အသိပညာပေးရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်၊
(ဆ) တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်များ တည်ထောင်ခြင်းဖြင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များကို ကာကွယ်ရန်။