ပုဒ်မ ၃၀၉
မိမိကိုယ်ကိုမိမိ သေကြောင်းကြံမှု ကျူးလွန်ရန်အားထုတ်ခြင်း
မည်သူမဆို မိမိကိုယ်ကို မိမိသေကြောင်းကြံမှု ကျူးလွန်ရန် အားထုတ်၍ ထိုပြစ်မှုကို ကျူးလွန်ရန် ရှေ့ရှုသော ပြုလုပ်မှုတစ်ခုခုကိုပြုလျှင် ထိုသူကို တစ်နှစ်ထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
ကျင့်ထုံး
- ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသည်။
- သာမန်အားဖြင့် ဝရမ်းကို မထမဦးစွာ ထုတ်ရမည်။
- အာမခံ ပေးရမည်။
- ကျေအေးခွင့် မရှိ
- မည်သည့် တရားသူကြီးမဆို စစ်ဆေးနိုင်သည်။
Related Law