အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း (Diversion) ဆိုသည်မှာ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော ကလေးသူငယ်ကို ပြစ်ဒဏ်ချမှတ်မည့်အစား အကျင့်စာရိတ္တပြုပြင်ရေးနှင့် လူမှုအသိုင်း အဝိုင်းတွင် ပြန်လည်ဝင်ဆံ့ရေးကို ဦးတည်၍ ထိုကလေးသူငယ်အား ကလေးသူငယ်တရားရုံးသို့ တရားစွဲဆိုခြင်းမပြုမီဖြစ်စေ၊ ကလေးသူငယ်တရားရုံးတွင် အမှုစစ်ဆေးနေစဉ် ကာလအတွင်းတွင်ဖြစ်စေ ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွားများအတွက် ပြောင်းလဲဆောင်ရွက်ပေးသည့် အခြား လုပ်ငန်း အစီအစဉ်များကို ဆိုသည်။