ဤဥပဒေသည် အောက်ဖေါ်ပြပါ ဥပဒေများနှင့် သက်ဆိုင်စေရမည်-
(က) ဤဥပဒေ အာဏာမတည်မီက ဥပဒေပြုအာဏာပိုင် တရပ်ရပ်ကပြဋ္ဌာန်းထားသည့် အက်ဥပဒေများ၊ ဥပဒေများ၊ တချက်လွှတ်ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ အမိန့်များနှင့်ကြေညာချက် များ၊
(ခ) ဤဥပဒေအာဏာတည်ပြီးနောက်တွင် ဥပဒေပြုအာဏာပိုင်တရပ်ရပ်က ပြဋ္ဌာန်းသည့် ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ အမိန့်များနှင့် ကြေညာချက်များ။