ပုဒ်မ ၅၉
ပုဒ်မ ၅၉
အယူခံခုံရုံးဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့သည်-

(က) ဝန်ကြီးဌာန၏ ဤဥပဒေအရ ချမှတ်သည့် အငြင်းပွားမှုအပေါ် စီမံခန့်ခွဲမှုဆိုင်ရာဆုံးဖြတ်ချက်များ နှင့်စပ်လျဉ်း၍ နစ်နာသူက တင်ပြလာသည့်အခါတွင် ထပ်မံ၍ အယူခံနိုင်ခွင့်ရရှိစေမည့် အယူခံခုံရုံးကို ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။

(ခ) အယူခံခုံရုံးကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ကိုးဦးထက်မပိုသော အဖွဲ့ဝင်များဖြင့် ဖွဲ့စည်း တာဝန် ပေးအပ်ရမည်။