ပုဒ်မ ၆၇
ပုဒ်မ ၆၇
လုပ်ကိုင်ခွင့်ပြုသည့် ဘဏ်လုပ်ငန်းများ

လုပ်ငန်းဆောင်ရွက်ချက်နှင့် ကတိကဝတ်များအတွက် မှတ်တမ်းများ

(က) ဘဏ်သည် ၎င်း၏ ဆက်သွယ်ဆောင်ရွက်ချက်နှင့် ကတိကဝတ်များ အသီးသီးအတွက် သက် ဆိုင်သော စာရွက်စာတမ်းများကို စာတွဲပြုစုထားရှိရမည်။ အဆိုပါစာတွဲသည် တရားရုံးတွင် သက်သေခံ ဝင်သော စာတမ်းအမှတ်အသားများ ဖြစ်စေရမည်။

(ခ) ဗဟိုဘဏ်သည် အောက်ပါတို့အပါအဝင် မှတ်တမ်းပြုစုခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ သတ်မှတ် ချက်များကို စည်းမျဉ်းထုတ် ပြန်သတ်မှတ်နိုင်သည်-

(၁) စာတမ်းအမှတ်အသား အမျိုးအစားများ၊

(၂) ထိန်းသိမ်းထားရှိသည့် ပုံစံ၊ နည်းစနစ်၊

(၃) ထိန်းသိမ်းထားရှိရမည့် သက်တမ်းကာလ၊

(၄) ဤပုဒ်မနှင့် သက်ဆိုင်သော အခြားလိုအပ်သည့် စာတမ်းအမှတ်အသားများ။