ဗဟိုဘဏ်သည် အောက်ပါတို့ကို သတ်မှတ်နိုင်သည်-
(က) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် လုပ်ငန်းစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊
(ခ) စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ တာဝန်နှင့် စည်းမျဉ်းစည်းကမ်းများ၊
(ဂ) နောက်ဆုံးငွေပေးချေခြင်း၊ ရှင်းလင်းခြင်းနှင့် ညှိနှိုင်းဖြေရှင်းခြင်း စနစ်များ၊
(ဃ) ခုနှိမ်ခြင်းနှင့် အသားတင်ခြားနားခြင်း လုပ်ငန်းစဉ်များ၊
(င) ဖြန့်ဝေခြင်းအတွက် လုပ်ငန်းစဉ်များ၊
(စ) နိုင်ငံခြားဘဏ်ခွဲနှင့် သက်ဆိုင်သည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း လုပ်ငန်းစဉ်၊
(ဆ) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ရပ်စဲခြင်း။