ပုဒ်မ ၄၀၊ ပုဒ်မခွဲ (က) သို့မဟုတ် ပုဒ်မ ၄၁၊ ပုဒ်မခွဲ (က) ပါပြဋ္ဌာန်းချက်သည် -
(က) သာမန်ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် သို့မဟုတ် ရာသီအလိုက် ကာကွယ်ထား သည့် တောရိုင်းတိရစ္ဆာန်၏ အစိတ်အပိုင်းကို အမှတ်တရပစ္စည်းအဖြစ် လည်းကောင်း၊ ရိုးရာဓလေ့ထုံစံအရလည်းကောင်း လက်ဝယ်ထားခြင်း သို့မဟုတ် ဝတ်စားဆင်ယင်ခြင်းနှင့် မသက်ဆိုင်စေရ။
(ခ) လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်၏ အစိတ်အပိုင်းကို ပုဒ်မ ၃၂၊ ပုဒ်မခွဲ(က) အရ ထုတ်ပေးသော မှတ်ပုံတင်လက်မှတ်ဖြင့် လက်ဝယ်ထားရှိခြင်း သို့မဟုတ် ဝတ်စား ဆင်ယင်ခြင်းနှင့် မသက်ဆိုင်စေရ။
(ဂ) မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ရှိသဖြင့် ကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ၏ အစိတ်အပိုင်းတို့ကို တရားဝင်ခွင့်ပြုချက်ရယူပြီး ဖော်စပ်ထားသော ဆေးဝါးနှင့် လူသုံးပစ္စည်းများကို လက်ဝယ်ထားခြင်း၊ အသုံးပြုခြင်း၊ ရောင်းချခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းနှင့် မသက်ဆိုင်စေရ။